B1013 Krrish 3 (2013) India {Action, Adventure, Fantasy}

B1013 Krrish 3 (2013) India {Action, Adventure, Fantasy}

IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့ I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။  ပထမဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့ ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့ ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့ Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့ ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန် တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့ ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့ ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင် ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)
Credit:Channel Myanmar

Comments

Popular posts from this blog

B1029 English Vinglish (2012) India {Comedy, Drama, Family}

B1019 Ghajini (2008) India {Action, Drama, Mystery}

B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime}