Posts

B1030 Rowdy Rathore (2012) India {Action}

Image
B1030 Rowdy Rathore (2012) India {Action} IMDB 5.8 နဲ့ RT 67% ထိရရှိထားတယ့် အက်ရှေးကူမားရ်ရဲ့ ဇာတ်ကားကောင်း တကားကို Bollywood Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေး ကတော့ လူလိမ် သူခိုး ရှီဗားဟာ သူ့ကောင်မလေးကြောင့် ခိုးတယ့် အလုပ်ကို စွန့်လွန့်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးအနေနဲ့ ဟဲဗီး တခုကို ခိုးတဲ့အခါမှာတော့ သေတ္တာထဲမှာ ခလေးတယောက်ကို ပါလာတာကို တွေ့လိုက်ရပါတယ်။ ခလေးကလည်း မြင်မြင်ချင်း သူ့ကို အဖေလို့ ခေါ်လိုက်တော့ သူကိုယ်တိုင် အံအားသင့်သွားပါတော့တယ်။ အမှန်တော့ ဒီခလေး အဖေဖြစ်သူက သူနဲ့ရုပ်တူတဲ့ ရဲအုပ် ဗစ်ကရန် ရာထော ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ ဒီခလေး ဘာကြောင့် သူ့စီရောက်လာရတာလဲ့ ဘာတွေ ဆက်ဖြစ်ကြဦးလဲ့ ရဲအုပ် ဗစ်ကရန်ရာထောကကော ဘာဖြစ်သွားလို့လဲ့ ရှီဗားကကော ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ပါဦး ခင်ဗျ့ ရုပ်ရှင်ကားကလည်း သီချင်းအက အမိုက်စားတွေနဲ့ တခန်းတနားကြီး တင်ဆက်ထားလို့ လက်လွတ်မခံသင့်ဘူးလို့တော့ ထက်ပြောလိုက်ပါရစေ့ Credit:Channel Myanmar

B1029 English Vinglish (2012) India {Comedy, Drama, Family}

Image
B1029 English Vinglish (2012) India {Comedy, Drama, Family} ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Gauri Shinde က ရိုက်ကူးထားပြီး ၊ သာမန်အိမ်ရှင်မတစ်ဦး (Sridevi) ဟာ စားသောက်ဆိုင်တစ်ခုမှာ ရိုးရှင်းတဲ့ အစားအသောက်လေး မှာတာတောင်မှ အဆင်မပြေဖြစ်ပြီး အင်္ဂလိပ်စာသင်မှ ဖြစ်မယ်ဆိုပြီး သင်ယူတဲ့အကြောင်း ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ မင်းသမီးကြီး Sridevi ရုပ်ရှင်လောကနဲ့ ၁၅ နှစ်လောက် အဆက်ပြတ်နေပြီးမှ ပြန်ရိုက်တဲ့ဇာတ်ကားလို. ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာ Sridevi ကို ဂျပန်မှာ female Rajinikanth အိန္ဒိယမှာ Meryl Streep လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ဒီဇာတ်ကားကနေ ဘယ်အရွယ်ပဲ ရောက်နေ ရောက်နေ ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။IMDB Ratingကလဲ ၇.၉ တောင်ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါ ပါတယ်။ ဒီဇာတ်ကားတင်ဖြစ်တာဖို့ စာတန်းထိုး အကူအညီပေးတဲ့ လင်းခယံကိုရော၊ FB ပေါ်မှာ ကြည့်ကို ကြည့်သင့်တဲ့ Bollywood ၁၀ ကားဆိုပြီး ညွန်းပေးတဲ့ Myanmar Portalဆိုက်ကိုရော အထူးပင်ကျေးဇူးတင်ရှိပါတယ် Credit:Channel Myanmar

B1028 Barfi! (2012) India {Adventure, Comedy, Drama}

Image
B1028 Barfi! (2012) India {Adventure, Comedy, Drama} အချစ်စစ်ဆိုတာကို မေးခွန်းထုတ်ဖို့ ဆန္ဒရှိနေသလား ဆွံ့အနားမကြားသူတစ်ယောက်ရဲ့ သံယောဇဉ်အားလည်း ကိုယ်ချင်းစာတတ်ချင်ပါသလား ဤ မေးခွန်းတွေကို Barfi ဆိုတဲ့ ဇာတ်ကားကောင်းလေးက သင့်အားညွှန်းဆိုပါလိမ့်မယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုတော့ ဒီဇာတ်ကားလေးဟာ IMDB 8 ကျော် Rating ရထားတဲ့ ကားလေးပါ အစမှာတော့ Barfi ကို အဘိုးဘ၀နဲ့စတင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အတိတ်ကို ဆွဲဆောင်မှုရှိအောင် ဆွဲခေါ်သွားပါတယ် တကယ်တော့ Barfi ဟာ ဆွံ့အနားမကြားတဲ့ ကောင်လေးတစ်ယောက်ပါ သူဟာ အမိမဲ့သားလေးတစ်ဦးလည်း ဖြစ်ပါတယ် ဇာတ်အိမ်အဖွဲ့မှာတော့ အင်စပက်တာ ဒတ်တားက သူ့ကို လိုက်ဖမ်းနေပုံနဲ့ စဖွင့်ထားပါတယ် ထို့နောက် Barfi တစ်ယောက် အချုပ်ခန်း စံခွင့်ရသွားတော့သည်။ ထိုအခါ ဆန်းဂုပတ္တားဆိုတဲ့ မိန်းကလေးတစ်ဦးက သူ့အားလာရောက်တွေ့ဆုံလေသည်။ ဆန်းဂုသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်၍ မိဘသဘောမတူသည့် ဘာဖီနှင့်လည်း ဖူးစာလွဲခဲ့သူဖြစ်သည်။ သူမက အင်စပက်တာအား ဘာဖီအကြောင်း မေးမြန်းသည်။ ဘာဖီရဲ့ အတိတ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေနိုင်လဲ ခြောက်နှစ်အရွယ်မှာ မိဘစွန့်ပစ်ထားခဲ့တာကြောင့် ဘာဖီကယ်တယ်ခဲ့တဲ့ ဂျမီးဆိုတဲ့ ကေ...

B1027 Ra.One (2011) India {Action, Sci-Fi}

Image
B1027 Ra.One (2011) India {Action, Sci-Fi} ဒီဇာတ်ကားလေးကတော့ စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး အားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂိမ်း ပရိုဂရမ်ရေးဆွဲသူ ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်က ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။ သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။  ဒီလိုနဲ့ ရှီကာဟာ နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။ ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့ ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား ခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့ အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ...

B1026 Ready (2011) India {Action, Comedy, Drama}

Image
B1026 Ready (2011) India {Action, Comedy, Drama} Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ မင်းသားကြီး ဆယ်လ်မန်ခန်းနဲ့ အဂျေး ပါဝင်ထားပြီး…. မင်းသမီးကတော့ Asin ဖြစ်ပါတယ်။ ဆယ်လ်မန်ခန်း ပရိတ်သတ်တွေ ဟာသဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ Credit:Channel Myanmar

B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime}

Image
B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime} မင်းသားကြီး  Amitabh Bachchan ရဲ့ Action | Crime | Drama အမျိုးအစား ဇာတ်ကားဟောင်းလေးပါ.. Action | Crime | Drama ဇာတ်ကားဖြစ်တာမို့ မိတ်ဆက်ပေးဖို့မလိုဘူးထင်ပါတယ်..။ အန္ဒိယ ရုပ်ရှင်နှစ်သက်တဲ့ သူငယ်ချင်းတွေ မကြည့်ရသေးရင် ကြည့်ဖြစ်အောင်သာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ.. Credit: ချမ်းငြိမ်း-မှော်ဝန်း

B1024 Band Baaja Baaraat (2010) India {Comedy, Drama, Romance}

Image
B1024 Band Baaja Baaraat (2010) India {Comedy, Drama, Romance} ရှရူတီကတ်ကာ (အနူရှကာရှာမား) ဟာ အနာဂတ်ဦးတည်ချက်ကြီးမားပြီး မင်္ဂလာဆောင်ပွဲစီစဉ်သူလောကကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူဟာ အပျော်အပါးမက် ရည်မှန်းချက် မရှိပေါ့ဆဆ ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဘစ်တူးရှာမား( ရန်ဘီးဆင်း) နဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ မတော်တဆတွေ့ဆုံခဲ့ပြီး သူ့ရဲ့ အိမ်မက် မင်္ဂလာဆောင်စီစဉ်သူ စီးပွားရေးကို တွဲလုပ်ဖို့ဖြစ်လာခဲ့တယ်။ သူတို့ နှစ်ဦးသဘောတူညီထားတာကတော့ စီးပွားရေး တစ်ခုတွဲလုပ်တဲ့အခါ ခံစားချက်တွေ ပါလို့မဖြစ်ဘူး ဒီတော့ ဘယ်တော့မှ လုပ်ငန်းဖော်ဆိုတဲ့ စည်းကို မကျော်ရဘူးဆိုပြီးတော့ပါ။ အချိန်တွေကြာလာ သံယောဇဉ်တွေ ရင့်သန်လာတဲ့ နောက် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ သူတို့ သဘောတူညီချက်ကို လိုက်နာနိုင်ပါဦးမလား ဘယ်သူကစပြီးတော့ ဖောက်ဖျက် ဘယ်သူကရှောင်ထွက်မှာလဲ ? Band Baaja Baaraat ဟာ ၂၀၁၀ တုန်းက ထွက်ရှိခဲ့ပြီး လက်ရှိ ဘောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် ရန်ဗီးဆင်းရဲ့ ပထမဆုံးဇာတ်ကားပါ။ အဲ့ဒီတုန်းက ၀ါရင့် မင်းသား မင်းသမီးတွေရဲ့ ဇာတ်ကားတွေကို ကျော်တက်ပြီး တစ်နှစ်တာအတွက်ဆုအများဆုံးရရှိခဲ့တဲ့ ရုပ်...