B1029 English Vinglish (2012) India {Comedy, Drama, Family}

B1029 English Vinglish (2012) India {Comedy, Drama, Family}

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Gauri Shinde က ရိုက်ကူးထားပြီး ၊ သာမန်အိမ်ရှင်မတစ်ဦး (Sridevi) ဟာ စားသောက်ဆိုင်တစ်ခုမှာ ရိုးရှင်းတဲ့ အစားအသောက်လေး မှာတာတောင်မှ အဆင်မပြေဖြစ်ပြီး အင်္ဂလိပ်စာသင်မှ ဖြစ်မယ်ဆိုပြီး သင်ယူတဲ့အကြောင်း ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ မင်းသမီးကြီး Sridevi ရုပ်ရှင်လောကနဲ့ ၁၅ နှစ်လောက် အဆက်ပြတ်နေပြီးမှ ပြန်ရိုက်တဲ့ဇာတ်ကားလို. ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာ Sridevi ကို ဂျပန်မှာ female Rajinikanth အိန္ဒိယမှာ Meryl Streep လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ဒီဇာတ်ကားကနေ ဘယ်အရွယ်ပဲ ရောက်နေ ရောက်နေ ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။IMDB Ratingကလဲ ၇.၉ တောင်ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါ ပါတယ်။ ဒီဇာတ်ကားတင်ဖြစ်တာဖို့ စာတန်းထိုး အကူအညီပေးတဲ့ လင်းခယံကိုရော၊ FB ပေါ်မှာ ကြည့်ကို ကြည့်သင့်တဲ့ Bollywood ၁၀ ကားဆိုပြီး ညွန်းပေးတဲ့ Myanmar Portalဆိုက်ကိုရော အထူးပင်ကျေးဇူးတင်ရှိပါတယ်
Credit:Channel Myanmar

Comments

Popular posts from this blog

B1015 Housefull 2 (2012) India {Action, Comedy, Musical}

B1019 Ghajini (2008) India {Action, Drama, Mystery}