B1028 Barfi! (2012) India {Adventure, Comedy, Drama}

B1028 Barfi! (2012) India {Adventure, Comedy, Drama}

အချစ်စစ်ဆိုတာကို မေးခွန်းထုတ်ဖို့ ဆန္ဒရှိနေသလား ဆွံ့အနားမကြားသူတစ်ယောက်ရဲ့ သံယောဇဉ်အားလည်း ကိုယ်ချင်းစာတတ်ချင်ပါသလား ဤ မေးခွန်းတွေကို Barfi ဆိုတဲ့ ဇာတ်ကားကောင်းလေးက သင့်အားညွှန်းဆိုပါလိမ့်မယ်
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုတော့ ဒီဇာတ်ကားလေးဟာ IMDB 8 ကျော် Rating ရထားတဲ့ ကားလေးပါ အစမှာတော့ Barfi ကို အဘိုးဘ၀နဲ့စတင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အတိတ်ကို ဆွဲဆောင်မှုရှိအောင် ဆွဲခေါ်သွားပါတယ် တကယ်တော့ Barfi ဟာ ဆွံ့အနားမကြားတဲ့ ကောင်လေးတစ်ယောက်ပါ သူဟာ အမိမဲ့သားလေးတစ်ဦးလည်း ဖြစ်ပါတယ် ဇာတ်အိမ်အဖွဲ့မှာတော့ အင်စပက်တာ ဒတ်တားက သူ့ကို လိုက်ဖမ်းနေပုံနဲ့ စဖွင့်ထားပါတယ်
ထို့နောက် Barfi တစ်ယောက် အချုပ်ခန်း စံခွင့်ရသွားတော့သည်။ ထိုအခါ ဆန်းဂုပတ္တားဆိုတဲ့ မိန်းကလေးတစ်ဦးက သူ့အားလာရောက်တွေ့ဆုံလေသည်။ ဆန်းဂုသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်၍ မိဘသဘောမတူသည့် ဘာဖီနှင့်လည်း ဖူးစာလွဲခဲ့သူဖြစ်သည်။ သူမက အင်စပက်တာအား ဘာဖီအကြောင်း မေးမြန်းသည်။ ဘာဖီရဲ့ အတိတ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေနိုင်လဲ ခြောက်နှစ်အရွယ်မှာ မိဘစွန့်ပစ်ထားခဲ့တာကြောင့် ဘာဖီကယ်တယ်ခဲ့တဲ့ ဂျမီးဆိုတဲ့ ကောင်မလေး အပေါ်မှာရော ဘယ်လို သဘောထားမှာလဲ ထိုအခါ၌ ဘာဖီအရမ်းချစ်ခဲ့ဖူးသော ဆန်းဂု သံယောဇဉ်တွယ်မိလှသော ဂျမီး မမေ့နိုင်သေးပဲ ဘာဖီအားဆက်ချစ်နေသေးသောဆန်းဂု
ဤသုံးပွင့်ဆိုင်တို့၏ ချစ်ခြင်းမေတ္တာနှင့်တကွ အချစ်၏ အဓိပ္ပါယ်သက်ရောက်မှုအားလည်းကောင်း သင်ကိုယ်တိုင်ခံစားမှာပါ ဒီဇာတ်လမ်းလေးဟာ ရိုးရိုးရှင်းရှင်းနှင့် အချစ်ရဲ့အလှအား ပေါ်လွင်စေခဲ့သည်။
ထိုကြောင့် အချစ်၏ရသ အားခံစားလိုလျှင်တော့ဖြင့် ကြည့်လိုက်ပါဦးလို့

Credit:Channel Myanmar

Comments

Popular posts from this blog

B1029 English Vinglish (2012) India {Comedy, Drama, Family}

B1019 Ghajini (2008) India {Action, Drama, Mystery}

B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime}