B1017 Om Shanti OM (2007) India {Action, Comedy, Drama}

B1017 Om Shanti OM (2007) India {Action, Comedy, Drama}

Bollywood ဇာတ်ကားကောင်းတွေကို မျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက် IMDB rating 6.6 /10 နဲ့ ဆုပေါင်းများစွာ ခူးဆွတ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်း ” မက်ဟီဂျာ” ဆိုတဲ့ လူငယ်လေးရဲ့ မျှော်လင့်ခြင်းကတော့ Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသား ဖြစ်လာဖို့ပဲဖြစ်ပါတယ်။
အဲဒီအချိန် Bollywood ရုပ်ရှင်လောကရဲ့ မင်းသမီးချောလေး “ရှန်တီ “ဟာလည်း ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေထက်မှာ ပေါ်လွင် ထင်ရှားနေသူတစ်ဦးပါ။ “ရှန်တီ”ရဲ့အလှတွေဟာ ပုရိသအဖို့ စွဲမက်စေနိုင်ပြီး “ရှန်တီ” ကို ချစ်မြတ်နိုးသူတွေထဲမှာ “မက်ဟီဂျာ” လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ “ရှန်တီ” သရုပ်ဆောင်ရတဲ့ဇာတ်ကားမှာ “မက်ဟီဂျာ” ကံကောင်းစွာနဲ့ ခေတ္တသရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက် “မက်ဟီဂျာ” ဟာ “ရှန်တီ” နဲ့ ခင်မင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ သူရဲ့စစ်မှန်တဲ့ ချစ်ခြင်းကိုလည်း ဖွင့်ဟနိုင်အောင် ကြိုးစားခဲ့တယ်။ သို့သော် …………။
ကြမ္မာ တွေဟာ ဘယ်လိုသဏ္ဍာန်နဲ့ ကဇာတ်ဆင်နေလဲ ဆိုတာ ခန့်မှန်းမရနိုင်ခဲ့ပါဘူး။
တစ်နေ့ “မက်ဟီဂျာ” ဟာ “ရှန်တီ”ကို ရိုက်ကွင်းပေါ်မှာလိုက်ရှာရင်း အခန်းငယ်လေးထဲကစကားသံတစ်ချို့ကို သူကြားလိုက်ရတယ်။ ကွယ်ရာနေရာကနေ သူလှမ်းကြည့်တော့ “ရှန်တီ”နဲ့ ရုပ်ရှင်ထုတ်လုပ်သူ “မူကေး”တို့ အချေအတင် စကားများနေသည်ကို တွေ့လိုက်ရတယ်။ ထိုနှစ်ဦး၏ စကားများမှာ လျှို့ဝှက်ချက်တစ်ခုဆီ ဦးတည်နေပြီး “မက်ဟီဂျာ” ကိုယ်တိုင် ကြားသိခဲ့လေသည်။ ထို့နောက် ရက်အနည်းငယ်အကြာမှာတော့ အွန်ရှန်တီအွန်ဇာတ်ကားရိုက်ကူးရန်အတွက် “မူကေး”ဟာ “ရှန်တီ”ကို စတူရီယို အသစ်တစ်ခုဆီ လိုက်ပို့ပေးရင်း “ရှန်တီ “ကိုပါ သတ်ရန် ကြိုတင်စီစဉ်ခဲ့လေသောအခါ……… ကဲ …… “ရှန်တီ”တစ်ယောက် ဘာတွေဖြစ်လာမလဲ။ “မူကေး”ကရော ဘာကြောင့် သတ်ချင်ခဲ့ရတာလဲ။ “မူကေး” “ရှန်တီ” “မက်ဟီဂျာ” တို့သုံးဦးကြား၌လည်း ဘယ်လို ဇာတ်ကွက်မျိုးနဲ့ဇာတ်ရှိန်တက်စေမလဲ ဆိုတာတော့ ရင်ခုန်ရှုစားလိုက်ရအောင်ပါ။
ကဲ …… “ရှန်တီ”တစ်ယောက် ဘာတွေဖြစ်လာမလဲ။ “မူကေး” “ရှန်တီ” “မက်ဟီဂျာ” တို့သုံးဦးကြား ဘယ်လို ဇာတ်ကွက်မျိုးနဲ့ဇာတ်ရှိန်တက်စေမလဲ ဆိုတာတော့ ရင်ခုန်ရှုစားလိုက်ရအောင်ပါ။ ဒီဇာတ်ကားမှာတော့ အချစ်နဲ့အမုန်း / ကြမ္မာရဲ့ ဆန်းပြားတဲ့ ဖြစ်ရပ်တွေနဲ့အတူ အပြစ်တစ်ခုအတွက် ပေးဆပ်တတ်စေမှုတို့က ပရိသတ်မပျင်းရလေအောင် ဇာတ်ရှိန်တက်စေပါတယ်။ အကအလှ ပသာဒတို့ကလည်း ခမ်းနားလှသည့်အပြင် ဇာတ်ကွက်တွေ အရမ်းကောင်းမွန်လှတာကြောင့် ဒီကားကြည့်ဖူးရင်း အကောင်ဖြစ်ရလေအောင် အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ချင်ပါတော့တယ်။
Credit:Channel Myanmar

Comments

Popular posts from this blog

B1029 English Vinglish (2012) India {Comedy, Drama, Family}

B1015 Housefull 2 (2012) India {Action, Comedy, Musical}

B1019 Ghajini (2008) India {Action, Drama, Mystery}