B1004 Kal Ho Naa Ho (2003) Indiai {Comedy, Drama, Romance}

အချစ်ဆိုတာ… အသက်အရွယ် မခွဲခြားပါဘူးလေ… နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့…
ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်…
ဒါအပြစ်လား… ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ…
ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ…
ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်… ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့…
IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ…
ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့ မှတ်ချက်တွေကို ရခဲ့တယ်…
ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့တာပေါ့
ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကို မျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်
အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ အရောက်ပို့လိုက်ရတာ ဂုဏ်ယူလို့မဆုံးပါကြောင်း……
(ဇာတ်လမ်းအညွန်းကို တဖွဲ.တနွဲ.ရေးပေးခဲ့သူကတော. ရဲခန်.မင်းဖြစ်ပြီး ဘာသာပြန်သူကတော့ စည်သူအောင်ပဲဖြစ်ပါတယ်)
Credit:Channel Myanmar

Comments
Post a Comment