B1018 Taare Zameen Par (2007) India {Drama, Family}

B1018 Taare Zameen Par (2007) India {Drama, Family}

IMDb Rating (8.6)  ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ…
3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ…
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ…လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့ ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ…အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်….
– တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..
  ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..မှန်ပါတယ်…ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန်  ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား တစ်ခုဆောက်ခိုင်းပါမယ်…သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်…တံတားကိုဆောက်ပါပြီ…တံတားက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ဖြောင့်ဖြောင့်တန်းတန်း မဆက်မိတော့ပါဘူး….ဘာလို့ပါလိမ့်…?????
အဖြေကတော့ ကျွန်တော်တို့ ကမ္ဘာ ဟာအလုံးကြီးပါ…ဘောလုံးလို အခုံးမျက်နှာပြင်ပေါ်က တြိဂံတစ်ခုရဲ့အတွင်းထောင့်တွေပေါင်းခြင်းဟာ 180 ထက်ကြီးပါတယ်… အခွက်မျက်နှာပြင်ဆိုရင်180ထက်ငယ်ပါတယ်…Relativity သဘောတရားကိုတွေ့ရပါမယ်…
(ဒီထက်ပိုပြီးလေ့လာချင်ရင် Einstein’s Theory of General Relativity ကိုလေ့လာသင့်ကြောင်းပါ)
Credit:Channel Myanmar

Comments

Popular posts from this blog

B1029 English Vinglish (2012) India {Comedy, Drama, Family}

B1019 Ghajini (2008) India {Action, Drama, Mystery}

B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime}