Posts

Showing posts from May, 2018

B1030 Rowdy Rathore (2012) India {Action}

Image
B1030 Rowdy Rathore (2012) India {Action} IMDB 5.8 နဲ့ RT 67% ထိရရှိထားတယ့် အက်ရှေးကူမားရ်ရဲ့ ဇာတ်ကားကောင်း တကားကို Bollywood Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေး ကတော့ လူလိမ် သူခိုး ရှီဗားဟာ သူ့ကောင်မလေးကြောင့် ခိုးတယ့် အလုပ်ကို စွန့်လွန့်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးအနေနဲ့ ဟဲဗီး တခုကို ခိုးတဲ့အခါမှာတော့ သေတ္တာထဲမှာ ခလေးတယောက်ကို ပါလာတာကို တွေ့လိုက်ရပါတယ်။ ခလေးကလည်း မြင်မြင်ချင်း သူ့ကို အဖေလို့ ခေါ်လိုက်တော့ သူကိုယ်တိုင် အံအားသင့်သွားပါတော့တယ်။ အမှန်တော့ ဒီခလေး အဖေဖြစ်သူက သူနဲ့ရုပ်တူတဲ့ ရဲအုပ် ဗစ်ကရန် ရာထော ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ ဒီခလေး ဘာကြောင့် သူ့စီရောက်လာရတာလဲ့ ဘာတွေ ဆက်ဖြစ်ကြဦးလဲ့ ရဲအုပ် ဗစ်ကရန်ရာထောကကော ဘာဖြစ်သွားလို့လဲ့ ရှီဗားကကော ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ပါဦး ခင်ဗျ့ ရုပ်ရှင်ကားကလည်း သီချင်းအက အမိုက်စားတွေနဲ့ တခန်းတနားကြီး တင်ဆက်ထားလို့ လက်လွတ်မခံသင့်ဘူးလို့တော့ ထက်ပြောလိုက်ပါရစေ့ Credit:Channel Myanmar

B1029 English Vinglish (2012) India {Comedy, Drama, Family}

Image
B1029 English Vinglish (2012) India {Comedy, Drama, Family} ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Gauri Shinde က ရိုက်ကူးထားပြီး ၊ သာမန်အိမ်ရှင်မတစ်ဦး (Sridevi) ဟာ စားသောက်ဆိုင်တစ်ခုမှာ ရိုးရှင်းတဲ့ အစားအသောက်လေး မှာတာတောင်မှ အဆင်မပြေဖြစ်ပြီး အင်္ဂလိပ်စာသင်မှ ဖြစ်မယ်ဆိုပြီး သင်ယူတဲ့အကြောင်း ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ မင်းသမီးကြီး Sridevi ရုပ်ရှင်လောကနဲ့ ၁၅ နှစ်လောက် အဆက်ပြတ်နေပြီးမှ ပြန်ရိုက်တဲ့ဇာတ်ကားလို. ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာ Sridevi ကို ဂျပန်မှာ female Rajinikanth အိန္ဒိယမှာ Meryl Streep လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ဒီဇာတ်ကားကနေ ဘယ်အရွယ်ပဲ ရောက်နေ ရောက်နေ ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။IMDB Ratingကလဲ ၇.၉ တောင်ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါ ပါတယ်။ ဒီဇာတ်ကားတင်ဖြစ်တာဖို့ စာတန်းထိုး အကူအညီပေးတဲ့ လင်းခယံကိုရော၊ FB ပေါ်မှာ ကြည့်ကို ကြည့်သင့်တဲ့ Bollywood ၁၀ ကားဆိုပြီး ညွန်းပေးတဲ့ Myanmar Portalဆိုက်ကိုရော အထူးပင်ကျေးဇူးတင်ရှိပါတယ် Credit:Channel Myanmar

B1028 Barfi! (2012) India {Adventure, Comedy, Drama}

Image
B1028 Barfi! (2012) India {Adventure, Comedy, Drama} အချစ်စစ်ဆိုတာကို မေးခွန်းထုတ်ဖို့ ဆန္ဒရှိနေသလား ဆွံ့အနားမကြားသူတစ်ယောက်ရဲ့ သံယောဇဉ်အားလည်း ကိုယ်ချင်းစာတတ်ချင်ပါသလား ဤ မေးခွန်းတွေကို Barfi ဆိုတဲ့ ဇာတ်ကားကောင်းလေးက သင့်အားညွှန်းဆိုပါလိမ့်မယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုတော့ ဒီဇာတ်ကားလေးဟာ IMDB 8 ကျော် Rating ရထားတဲ့ ကားလေးပါ အစမှာတော့ Barfi ကို အဘိုးဘ၀နဲ့စတင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အတိတ်ကို ဆွဲဆောင်မှုရှိအောင် ဆွဲခေါ်သွားပါတယ် တကယ်တော့ Barfi ဟာ ဆွံ့အနားမကြားတဲ့ ကောင်လေးတစ်ယောက်ပါ သူဟာ အမိမဲ့သားလေးတစ်ဦးလည်း ဖြစ်ပါတယ် ဇာတ်အိမ်အဖွဲ့မှာတော့ အင်စပက်တာ ဒတ်တားက သူ့ကို လိုက်ဖမ်းနေပုံနဲ့ စဖွင့်ထားပါတယ် ထို့နောက် Barfi တစ်ယောက် အချုပ်ခန်း စံခွင့်ရသွားတော့သည်။ ထိုအခါ ဆန်းဂုပတ္တားဆိုတဲ့ မိန်းကလေးတစ်ဦးက သူ့အားလာရောက်တွေ့ဆုံလေသည်။ ဆန်းဂုသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်၍ မိဘသဘောမတူသည့် ဘာဖီနှင့်လည်း ဖူးစာလွဲခဲ့သူဖြစ်သည်။ သူမက အင်စပက်တာအား ဘာဖီအကြောင်း မေးမြန်းသည်။ ဘာဖီရဲ့ အတိတ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေနိုင်လဲ ခြောက်နှစ်အရွယ်မှာ မိဘစွန့်ပစ်ထားခဲ့တာကြောင့် ဘာဖီကယ်တယ်ခဲ့တဲ့ ဂျမီးဆိုတဲ့ ကေ...

B1027 Ra.One (2011) India {Action, Sci-Fi}

Image
B1027 Ra.One (2011) India {Action, Sci-Fi} ဒီဇာတ်ကားလေးကတော့ စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး အားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂိမ်း ပရိုဂရမ်ရေးဆွဲသူ ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်က ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။ သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။  ဒီလိုနဲ့ ရှီကာဟာ နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။ ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့ ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား ခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့ အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ...

B1026 Ready (2011) India {Action, Comedy, Drama}

Image
B1026 Ready (2011) India {Action, Comedy, Drama} Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ မင်းသားကြီး ဆယ်လ်မန်ခန်းနဲ့ အဂျေး ပါဝင်ထားပြီး…. မင်းသမီးကတော့ Asin ဖြစ်ပါတယ်။ ဆယ်လ်မန်ခန်း ပရိတ်သတ်တွေ ဟာသဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ Credit:Channel Myanmar

B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime}

Image
B1025 Bbuddah... Hoga Terra Baap (2011) India {Action, Comedy, Crime} မင်းသားကြီး  Amitabh Bachchan ရဲ့ Action | Crime | Drama အမျိုးအစား ဇာတ်ကားဟောင်းလေးပါ.. Action | Crime | Drama ဇာတ်ကားဖြစ်တာမို့ မိတ်ဆက်ပေးဖို့မလိုဘူးထင်ပါတယ်..။ အန္ဒိယ ရုပ်ရှင်နှစ်သက်တဲ့ သူငယ်ချင်းတွေ မကြည့်ရသေးရင် ကြည့်ဖြစ်အောင်သာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ.. Credit: ချမ်းငြိမ်း-မှော်ဝန်း

B1024 Band Baaja Baaraat (2010) India {Comedy, Drama, Romance}

Image
B1024 Band Baaja Baaraat (2010) India {Comedy, Drama, Romance} ရှရူတီကတ်ကာ (အနူရှကာရှာမား) ဟာ အနာဂတ်ဦးတည်ချက်ကြီးမားပြီး မင်္ဂလာဆောင်ပွဲစီစဉ်သူလောကကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူဟာ အပျော်အပါးမက် ရည်မှန်းချက် မရှိပေါ့ဆဆ ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဘစ်တူးရှာမား( ရန်ဘီးဆင်း) နဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ မတော်တဆတွေ့ဆုံခဲ့ပြီး သူ့ရဲ့ အိမ်မက် မင်္ဂလာဆောင်စီစဉ်သူ စီးပွားရေးကို တွဲလုပ်ဖို့ဖြစ်လာခဲ့တယ်။ သူတို့ နှစ်ဦးသဘောတူညီထားတာကတော့ စီးပွားရေး တစ်ခုတွဲလုပ်တဲ့အခါ ခံစားချက်တွေ ပါလို့မဖြစ်ဘူး ဒီတော့ ဘယ်တော့မှ လုပ်ငန်းဖော်ဆိုတဲ့ စည်းကို မကျော်ရဘူးဆိုပြီးတော့ပါ။ အချိန်တွေကြာလာ သံယောဇဉ်တွေ ရင့်သန်လာတဲ့ နောက် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ သူတို့ သဘောတူညီချက်ကို လိုက်နာနိုင်ပါဦးမလား ဘယ်သူကစပြီးတော့ ဖောက်ဖျက် ဘယ်သူကရှောင်ထွက်မှာလဲ ? Band Baaja Baaraat ဟာ ၂၀၁၀ တုန်းက ထွက်ရှိခဲ့ပြီး လက်ရှိ ဘောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် ရန်ဗီးဆင်းရဲ့ ပထမဆုံးဇာတ်ကားပါ။ အဲ့ဒီတုန်းက ၀ါရင့် မင်းသား မင်းသမီးတွေရဲ့ ဇာတ်ကားတွေကို ကျော်တက်ပြီး တစ်နှစ်တာအတွက်ဆုအများဆုံးရရှိခဲ့တဲ့ ရုပ်...

B1023 Guzaarish (2010) India {Comedy, Drama, Romance}

Image
B1023 Guzaarish (2010) India {Comedy, Drama, Romance} တချိန်က နာမည်ကျော်ကြားခဲ့တဲ့ မျက်လှည့်ပညာရှင် အီသန် ဟာ သူရဲ့ အောင်မြင့်ကျော်ကြားခဲ့တဲ့ မျက်လှည် ပြကွက်ထဲက ပြကွက်တခု ပြသနေရင်နဲ accident ဖြစ်ခါ တကိုယ့်လုံး အကြောသေပြီး ဒုတိ ဖြစ်ခဲ့ရပါတယ် သူဟာ ဒုတ္ခိ ဘဝ နဲ 12 နှစ်တိုင်တိုင်း တခုလတ် သူနာပြု  ဆိုဖီယာ  ရယ့် ကူညီးမူနဲ အားလုံးရဲ စံပြ လူသား အဖြစ်နဲ နေထိုင်လာခဲ့ပါတယ် ယောကျာ်းရဲ့ နှိပ်စက်မူ ဒါဏ်ကို အမြဲတမ်းခံနေရတဲ့ ကံဆိုးမလေး ဆိုဖီယာ။ အီသန် ကို 12 နှစ်တိတိ ပြုစုလာရာကနေ သူနာပြု ဆရာမထက် သူငယ်ချင်း ချစ်သူထက် ဇနီမယားထက် ပိုပြီး သံယောဇဉ် ဖြစ်လာခဲ့ပါတယ် ။ အီသန် ဟာ သူခံစားနေရတဲ့ ဝေသနာ တွေသက်သာစေဖို တရားရုံးမှာ ညင်သာစွာ ဇီဝိန်ချွေခွင့် အသနားခံစာ ကိုတင်ခဲ့ပါတယ် အဲဒီးကနေ့ ဇာတ်လမ်းဟာ ဇာတ်ရှိန်မြင်လာပါတယ် ပထမ သူကို ချစ်တဲ့ သူတွေ သူကိုလေးစားတဲ့သူတွေက သူရဲ့ အသနားခံစာကို ဝိုင်းပြီးကန်ကွက်ကျပါတယ် တရားသူကြီးကလဲ သူရဲ့ အသနားခံစာ ကိုပယ်ချလိုက်ပါတယ်ပရောဂျတ် အီသန်နေရှား ဆိုပြီး သူရဲ့ ကိုယ့်ပိုင် ရေဒီယို ရှိုးကနေ သူခံစားနေရတဲ့ ဝေသနာတွေကို ပရိသတ် သိအောင် ချပြပါတော့တယ် အဲဒီးမှာ သူကို ချစ်တဲ့ သူတွေက ပထမ ကန်က...

B1022 3 Idiots (2009) India {Adventure, Comedy, Drama}

Image
B1022 3 Idiots (2009) India {Adventure, Comedy, Drama} IMDb (8.4/10) Rotten Tomatoes (100%) December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြား စိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်… မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့ သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မ၀င်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ၀န်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာအရည်အချင်းတွေ ရှိနေခဲ့တယ်….ဒီ ...

B1021 Singh Is Kinng (2008) India {Action, Comedy, Crime}

Image
B1021 Singh Is Kinng (2008) India {Action, Comedy, Crime} ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသားကြီး အက်ရှ်ရှေးကူးမား နဲ့ မင်းသမီး ကတ်ထရီနာကတ် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသ ဇာတ်မြူးကားကြီးကို တင်ဆက်ပေးလိုက်ပါတယ် Singh ဟာ ပျော်ရွင်စွာနေတတ်တဲ့ ပန်ချာပီ တစ်ယောက်ပါ တစ်နေ့မှာ သူဟာ သူ့ပန်ချာပီ ရွာကနေ မအူမလည်နဲ့မြို့တက်လာ ပါတော့တယ် Singh ရဲ့ ဗီဇက တွေ့သမျှလူကို ကူညီတတ်တာပါ ဒီလိုနဲ့ Singh ဟာ မိန်းမချောလေး ဆိုနီယာနဲ့ ဆုံတွေ့မိပြီး ဆိုနီယာက ဘယ်လို နောက်ခံ ရှိလဲဆိုတာ မသိတဲ့ လူပျော် Singh တစ်ယောက် စိုင်ကော်လို့ခြုံ ပေါ်ရောက်လာတဲ့အခါမှာတော့ Credit:Channel Myanmar

B1020 Rab ne Bana Di Jodi (2008) India {Comedy, Drama, Music}

Image
B1020 Rab ne Bana Di Jodi (2008) India {Comedy, Drama, Music} မင်းသားကြီး ရှာရွတ်ခန်း နဲ့ PK မင်းသမီး Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy, Drama, Musical အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အချစ်က အရာရာကိုပြောင်းလဲစေနိုင်တယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းပေါ့သွားမှာစိုးလို့ အညွှန်းမပေးတော့ပါဘူး။ IMDb Rating (7.1/10) နဲ့ Rotten Tomatoes (83%) ရရှိထားလို့  ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း သိပ်လဲညွှန်းစရာမလိုပါ။ Credit:Channel Myanmar

B1019 Ghajini (2008) India {Action, Drama, Mystery}

Image
B1019 Ghajini (2008) India {Action, Drama, Mystery} Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝပြီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်းရှိပါတယ်။ တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။ အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၁ မီလီယံအသုံးပြုပြီး ရိုက်ကူးထားတာဖြစ်သလို ပြန်ရတာကလည်း ၃၀ မီလီယံဖြစ်တာကြောင...

B1018 Taare Zameen Par (2007) India {Drama, Family}

Image
B1018 Taare Zameen Par (2007) India {Drama, Family} IMDb Rating (8.6)  ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ… 3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ… အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ…လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့ ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ…အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်…. – တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..   ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..မှန်ပါတယ်…ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန်  ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား တစ်ခုဆောက်ခိုင်းပါမယ်…သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်…တံတားကိုဆောက်ပါပြီ…တံတားက တစ်ခ...

B1017 Om Shanti OM (2007) India {Action, Comedy, Drama}

Image
B1017 Om Shanti OM (2007) India {Action, Comedy, Drama} Bollywood ဇာတ်ကားကောင်းတွေကို မျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက် IMDB rating 6.6 /10 နဲ့ ဆုပေါင်းများစွာ ခူးဆွတ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ” မက်ဟီဂျာ” ဆိုတဲ့ လူငယ်လေးရဲ့ မျှော်လင့်ခြင်းကတော့ Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသား ဖြစ်လာဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန် Bollywood ရုပ်ရှင်လောကရဲ့ မင်းသမီးချောလေး “ရှန်တီ “ဟာလည်း ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေထက်မှာ ပေါ်လွင် ထင်ရှားနေသူတစ်ဦးပါ။ “ရှန်တီ”ရဲ့အလှတွေဟာ ပုရိသအဖို့ စွဲမက်စေနိုင်ပြီး “ရှန်တီ” ကို ချစ်မြတ်နိုးသူတွေထဲမှာ “မက်ဟီဂျာ” လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ “ရှန်တီ” သရုပ်ဆောင်ရတဲ့ဇာတ်ကားမှာ “မက်ဟီဂျာ” ကံကောင်းစွာနဲ့ ခေတ္တသရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက် “မက်ဟီဂျာ” ဟာ “ရှန်တီ” နဲ့ ခင်မင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ သူရဲ့စစ်မှန်တဲ့ ချစ်ခြင်းကိုလည်း ဖွင့်ဟနိုင်အောင် ကြိုးစားခဲ့တယ်။ သို့သော် …………။ ကြမ္မာ တွေဟာ ဘယ်လိုသဏ္ဍာန်နဲ့ ကဇာတ်ဆင်နေလဲ ဆိုတာ ခန့်မှန်းမရနိုင်ခဲ့ပါဘူး။ တစ်နေ့ “မက်ဟီဂျာ” ဟာ “ရှန်တီ”ကို ရိုက်ကွင်းပေါ်မှာလိုက်ရှာရင်း အခန်းငယ်လေ...

B1016 Housefull 3 (2016) India {Action, Comedy, Drama}

Image
B1016 Housefull 3 (2016) India {Action, Comedy, Drama} Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့ သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ် ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူ အမျိုးသားသုံးယောက်မှာ နည်းလမ်းမျိုးစုံဖြင့် ၄င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။ နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။ (Review c...

B1015 Housefull 2 (2012) India {Action, Comedy, Musical}

Image
B1015 Housefull 2 (2012) India {Action, Comedy, Musical} Housefull 2 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 2 ဇာတ်ကားသည် ချမ်းသာတဲ့သမက် အပြိုင်အဆိုင်လိုချင်နေတဲ့ သမီးချော အဖေနှစ်ယောက်ဖြစ်တဲ့ Kapoor & Son ညီအစ်ကို ၂ ယောက်ရဲ. အဖက်ဖက်မှပြိုင်ဆိုင်မှု လက်စားချေခြင်းဇော ကြီးပြီး အရာရာ မှားယွင်းကုန်တဲ့ ညီအစ်ကို သူငယ်ချင်း ၄ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ Credit:Channel Myanmar

B1014 Housefull (2010) India {Comedy, Drama, Musical}

Image
B1014 Housefull (2010) India {Comedy, Drama, Musical} Housefull ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည့် Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ ကာစီနိုမှာအလုပ်ဝင်တဲ့ ကမ္ဘာကံအဆိုးဆုံးလူသားအာရွှတ်၊အချစ်ဆုံးသူငယ်ချင်းရှိတဲ့ လန်ဒန်ကို အာရွှတ်ရောက်သွားတဲ့အချိန်မှာတော့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ Credit:Channel Myanmar

B1013 Krrish 3 (2013) India {Action, Adventure, Fantasy}

Image
B1013 Krrish 3 (2013) India {Action, Adventure, Fantasy} IMDb (5.4/10)….Rotten Tomatoes(83%) အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့ I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။  ပထမဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့ ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သ...

B1012 Krrish (2006) India {Action, Adventure, Fantasy}

Image
B1012 Krrish (2006) India {Action, Adventure, Fantasy} IMDb (6.3/10)….Rotten Tomatoes(100%) မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့ ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ...

B1011 Krish 1- Koi Mil Gaya (2003) India {Drama, Fantasy, Romance}

Image
B1011 Krish 1- Koi Mil Gaya (2003) India {Drama, Fantasy, Romance} IMDb (7.1/10)….Rotten Tomatoes(75%) မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့ ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ  ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင်...

B1010 Don 2 (2011) India {Action, Crime, Thriller}

Image
B1010 Don 2 (2011) India {Action, Crime, Thriller} နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1 ရဲ.အဆက်ပါ။ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်ထားပြီး အခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။ Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့် ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating (7.1/10) ရရှိထားပါတယ်။ Credit:Channel Myanmar

B1009 Don (2006) India {Action, Crime, Thriller}

Image
B1009 Don (2006) India {Action, Crime, Thriller} ဒီတစ်ခါတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ကြိုးစားကြပါတော့တယ်။တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားချိန်မှာ Don အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ ဇာတ်လမ်းရဲ့အနှစ်ပါ။စရိုက်နှစ်ခုကို နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ထားတဲ့ ရှာရွတ်ခန်းရဲ့ စကေးကတော့ အထွေအထူးထောက်ခံနေစရာလိုမယ်မထင်ပါဘူး။ Credit:Channel Myanmar

B1008 Dhoom 3 (2013) India {Action, Crime, Drama}

Image
B1008 Dhoom 3 (2013) India {Action, Crime, Drama} ဇာတ်လမ်းအကျဉ်းကတော့… ၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ဟာ လက်ရှိအချိန်မှာတော့ Great Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ ဒီတစ်ခါ ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် အကမယ်တစ်ဦး လိုအပ်နေပါတယ်။ အဲဒီအကမယ်အဖြစ် အရမ်းသွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ တစ်ဖက်ကလည်း အ...

B1007 Dhoom 2 (2006) India {Action, Crime, Thriller}

Image
B1007 Dhoom 2 (2006) India {Action, Crime, Thriller} မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ္ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ် Credit:Channel Myanmar

B1006 Dhoom (2004) India {Action, Crime, Thriller}

Image
B1006 Dhoom (2004) India {Action, Crime, Thriller} Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။ Credit:Channel Myanmar

B1005 Mujhse Shaadi Karogi (2004) India {Comedy, Romance}

Image
B1005 Mujhse Shaadi Karogi (2004) India {Comedy, Romance} ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါ။ သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ဆလ်မန်းခန်း, အက်ရှေးကူမားရ်နှင့် ပရီယန်းကချိုပရာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့, မွေးရာပါဇာတာကြောင့် ဒေါသကြီးလွန်းတဲ့ စမီးရ်ဆိုတဲ့ ကောင်လေးဟာ  သူ့ဒေါသကြောင့် ပြသနာပေါင်းစုံ တတ်ပြီး နောက်ဆုံးမှာတော့ သူစိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပါ ဝေးခဲ့ရပါတယ်။ အသည်းတွေကွဲပြီး ဂိုအာမြို့ကို ပြောင်းရွှေ့သွားခဲ့တဲ့ စမီးရ်ဟာ ရာနီးဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီး စိတ်ဝင်စားခဲ့ပါတယ်။ ရာနီးနဲ့ နီးစပ်ဖို့ အမျိုးမျိုးကြိုးစားပေမယ့် သူလုပ်သမျှတလွဲတွေဖြစ် ပြသနာတွေတက်ကာ နီးဖို့ကြိုးစားလေ ပိုပိုဝေးလာလေလေ ဖြစ်နေပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သူတို့နှစ်ယောက်ကြားကို စန်နီဆိုတဲ့ ပြိုင်ဖက်တစ်ယောက် ဝင်လာတဲ့ အခါမှာတော့ Credit:Channel Myanmar

B1004 Kal Ho Naa Ho (2003) Indiai {Comedy, Drama, Romance}

Image
B1004 Kal Ho Naa Ho (2003) Indiai {Comedy, Drama, Romance} အချစ်ဆိုတာ… အသက်အရွယ် မခွဲခြားပါဘူးလေ… နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့… ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်… ဒါအပြစ်လား… ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ… ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ… ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်… ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့… IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ… ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့ မှတ်ချက်တွေကို ရခဲ့တယ်… ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့တာပေါ့ ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲ ...

B1003 Lagaan (2001) India { Adventure, Drama, Musical}

Image
B1003 Lagaan (2001) India { Adventure, Drama, Musical} ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီး IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။ Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ (Lagaan ဇာတ်လမ်းအကျဉ်း) အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအ၀င်ပေါ။့ ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။ မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့ မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖို့ စိတ်ပူခဲ့ရတယ်။ အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန် ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ ရွာသားတွေကလည်းမတတ်သာသည့်အဆုံး ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန် ဘုရင့်ဆီမှ အကြောင်းကြာ...

B1002 Koyla (1997) India

Image
B1002 Koyla (1997) India Bollywood ရဲ့ Old is Gold လို့ပြောလို့ရတယ့် SRK ကို လူတိုင်းသိစေခဲ့တယ့် Koyla ဆိုတယ့်ဇာတ်ကားလေးကို တော်တော်များများကြည့်ဖူးကြမှာပါ့ မကြည့်ဘူးသေးရင် အခုသာကြည့်လိုက်ပါတော့ဗျာ ဘယ်တော့ဖြစ်ဖြစ်မရိုးသွားစေနိုင်တယ့်Bollywood ကားကောင်းတကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရှန်ကားရ်ဆိုတယ့် အအ လေးဟာ ရာဂျာဆဖ် ဆိုတယ့်သူဌေးကြီးရဲ.ကျွန်တယောက်ပေါ့  ရာဂျာဆဖ်က လူအလယ်မှာ သူတော်ကောင်းတယောက်ဖြစ်ပြီး နောက်ကွယ်မှာတော့ ဘီလူခေါင်းဆောင်းထားတယ့် မင်းသားကြီးလေ့ ရာဂျာတို့ညီအကိုရဲ့ ညှင်းပန်းနှိပ်စက်မှု့အလူလူကို ခါးစီးခံပြီးနေလာရတဲ့ ရှန်ကားရ်ဟာ ရာဂျားလိမ်ညာယူထားတယ့်  သနားစရာမိန်းကလေးတယောက်ကိုကူညီဖို့ ကြိုးစားလာခဲ့တဲ့အခါမှာတော့……. Bollywood အက်ရှင်ကားကောင်းကောင်းကြည့်ချင်တယ့် ပရိတ်သတ်တွေ လက်အလွတ်မခံသင့်ပါဘူး Credit : Channel Myanmar

B1001 Jaanwar (1999) India {Action, Drama}

Image
B1001 Jaanwar (1999) India {Action, Drama} “လောကမှာ ဆင်းရဲမှု့ထက် ကြီးမားတယ့် ကျိန်စာ မရှိဘူ့း့ ဆာလောင်မှု့ထက် ဆိုးရွားတယ့်ဝေဒနာ မရှိတော့ဘူး” ငယ်စဉ်က ငတ်ပြတ်ပြီး မိခင်ကြီးသေဆုံးမှု့ကို ခံစားလိုက်ရတယ့် ကောင်လေးတယောက့် မိဘမဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာ ဒုစရိုက်သမားတယောက့် အသိပညာ အတတ်ပညာဆိုတာမသိ တရားမှု့ မတရားမှု့ဆိုတာ မသိပဲ လောဘရဲ့ လမ်းစဉ်ကိုလိုက်ပြီး ဒုဇရိုက်သမားတယောက် ဖြစ်ခဲ့ရတယ်။ တရားဥပဒေကို ရှောင်ပြေးရင်း သူ့ဘဝမှာ တွယ်တာစရာမိန်းကလေးတယောက်နဲ့ဆုံတွေခဲ့တယ်။ အတိတ်ကို ခဝါချပြီး ဘဝအသစ်ထူထောင်ဖို့ ကြိုးစားလာတယ့် အချိန်မှာတော့ သူ့အတိတ်က သူ့ကို ခွင့်ပြုလေပါ့မလာ့း့ ဘော်လီဝုဒ်ရဲ့ နမည်ကြီးမင်းသား အက်ရှေးကူမားရဲ့ အကောင်းဆုံး ဇာတ်ကားတကားကိုပြပါဆိုရင် jaanwar ကိုလည်းပြရပါလိမ့်မယ်။ တကယ့်အနှစ်ကို မှကြည့်ချင်ပါတယ်ဆိုတယ့် ပရိတ်သတ်တွေအတွက် သိပ်မညွှန်းတော့ဘူး ဒေါင်းသာကြည့်လိုက်ပေတော့ Credit : Channel Myanmar